ကျွန်ုပ်တို့၏ Asia Energy Company Limited ကို ဦးသက်ဝေ နှင့် ဦးအောင်မြင့်တို့မှ ၂၀၀၉ခုနှစ်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ ကျွန်ုပ်တို့၏ Asia Energy Company Limited သည် ၂၀၁၂ ခုနှစ်စ၍ လစဉ်ဒီဇယ်တန်ချိန် (၃၀၀၀၀) မှ (၆၀၀၀၀) အထိ နိုင်ငံခြားမှ မှာယူတင်သွင်းပြီး ကုမ္ပဏီပိုင်သင်္ဘောများ/ ကားများဖြင့် အထက်မြန်မာပြည်ကို အဓိကထား ဖြန့်ဖြူးရောင်းချခဲ့ခြင်းသည် Asia Energy Company Limited ၏ ပထမဆုံးခြေလှမ်း ဖြစ်ခဲ့ပါသည်။
ယခုအခါ ပေါင်း(၁၀)ဆိုင်နှင့် ၀န်ထမ်းအင်အား(၉၀၀)ကျော်တိုဖြင့် မြန်မာပြည် အနှံ့အပြားသို့ Distribution Channel များသော ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြင်းမူ၊ ပုဂံ၊ ကသာ၊ ဖားကန့်မြို့များတွင် အခြေစိုက်၍ အင်ပြည့်အားပြည့် ရောင်းချပေးလျက် ရှိပါသည်။ Pump Station အများစုသည် မန္တလေးမြို့တွင် အခြေစိုက်ပြီး စက်သုံးးဆီကို Singapore တစ်နိုင်ငံတည်းမှသာ မှာယူတင်သွင်းခြင်း၊ Dispensing Pump & Dispensers စက်များကို ဂျပန်နိုင်ငံ TATSUNO ကုမ္ပဏီမှ တိုက်ရိုက်မှာယူအသုံးပြုခြင်းကြောင့် စက်သုံးဆီ အရည်အသွေးနှင့် အချင်အတွယ်တို့ကို Asia Energy Company Limited မှ 100% အာမခံပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ Asia Energy Company Limited သည် whole sales, Pump Station, Mobile Sales နှင့် Own Transportation တို့ဖြင့် သုံးစွဲသူစိတ်ကျေနပ်မှု ရှိသည်အထိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
စက်သုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့် ရရှိနိုင်ရေးအတွက် ကျွန်ုပ်တို့၏ Asia Energy Company Limited သည် Pump Station ဆိုင အသစ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်(Our Vision)
Asia Energy Company Limited သည် အရည်အသွေးပြည့် စစ်မှန်သော စက်သုံးဆီများကို နိုင်ငံတကာစံနူန်းထားများနှင့် အညီ ဒေသအတွင်း၌ တိကျမှန်ကန်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေးသည် ကျွနုပ်တို့၏ အန္တိမ ရည်ရွယ်ချက်ပင် ဖြစ်သည်။
ကျွန်ုပ်တို့၏၀န်ဆောင်မှု(Our Service)
ကျွန်ုပ်တို့၏ Asia Energy company Limited သည် မိဘပြည်သူများနှင့် ထိုက်တန်သော စက်သုံးဆီ အရည်အသွေး၊ တိကျသော အချင်အတွယ် နှင့် မှန်ကန်သောဈေးနှုန်းတို့ကို အစဉ်အမြဲရရှိသုံးစွဲနိုင်ရေး (အထူးသဖြင့်) ကျွန်ုပ်တို့ကုမ္ပဏီအောင်မြင်မှုသည် သုံးစွဲသူမိဘပြည်သူများ၏ စိတ်ချကျေနပ်မှုသာ ဖြစ်ပါသည်။ မန္တလေးမြို့တွင်းရှိ စက်သုံးဆီမှာယူသုံးစွဲသူ Customer များ၏ အရောင်းဆိုင်၊ ဟိုတယ်နှင့် ကုမ္ပဏီသို့ အရောက်ပို့စနစ်ဖြင့် ရောင်းချပေးပါသည်။ Mobile Sale ကားများဖြင့်လည်း လမ်းခရီးအနီး/အဝေးအပေါ်မူတည်၍ လိုက်လံရောင်းချပေးပါသည်။ မိမိတို့Pump Station ဆိုင်အများစုသည် အဝေးပြေးလမ်းများ၏ ဘေးတွင်တည်ရှိခြင်းကြောင့် ယာဉ်ရပ်နားစခန်းတစ်ခုကဲ့သို့ အလွယ်တကူ ဆီဖြည့်ရပ်နားနိုင်ပြီး ရေးချိုးနိုင်ခြင်း (အပူ/အအေး)၊ ကွမ်းယာ/လက်ဖက်တို့ကို အခမဲ့သုံးဆောင်နိုင်ခြင်းတို့ဖြင့် ခရီးတစ်ခေါက်နားအပန်းပြေနိုင်ပါသည်။